Description


စာလေးနည်းနည်းရှည်ပေမယ့် အဆုံးထိဖတ်ပြီးရင်တော့ Beginners လေးတွေအတွက် လမ်းစရှာတွေ့မှာမို့ အဆုံးထိဖတ်ဖို့ မမေ့ကြနဲ့နော် 

ကဲ …. စရအောင် 

Fashion Illustration ဆိုတာ ဘာလဲ?
– Fashion illustration ဆိုတာ ရိုးရိုးရှင်းရှင်းပြောရရင် အနုပညာတစ်ခုပါဘဲ ….အမတို့ ခေါင်းထဲမှာ စိတ်ကူးထားတာတွေကို ခဲတံတွေ၊ စာရွက်တွေ သုံးပြီး fashion sketch အနေနဲ့ လက်တွေ့ သရုပ်ဖော်လိုက်တာမျိုးဘဲပေါ့… အဓိကအားဖြင့် fashion designer တွေ၊ Drawing ဆွဲရတာနှစ်သက်တဲ့ Fashion Illustrator အသုံးများကြပြီး fashion ကိုရူးသွပ်တဲ့ self learner beginners လေးတွေလည်း ဆွဲကြလေ့ရှိတယ်…
ဒါဆို … fashion illustration လို့သာ ပြောနေတာ သူအကြောင်း သေချာသိထားမှ သင်တန်းတွေတက်လို့ကောင်းမှာပေါ့ ဒီတော့ ….



အမတို့ မြန်မာနိုင်ငံမှာ အသုံးများဆုံး ဆွဲနည်းတွေကတော့ Pencil ရယ် ၊ Waterရယ်၊ Digital illustration ဆိုပြီး 3 နည်း ခွဲပြီး ကိုယ်အားသာရာလေးနဲ့ ဆွဲကြပါတယ်…




————————————–










– Fashion နယ်ပယ်ထဲ ဝင်ရောက်ပြီဆိုထဲက စိတ်ကူးစိတ်သန်း ကောင်းဖို့၊ idea creative ဖြစ်ဖို့၊ ဆန်းသစ်တဲ့ အမြင်ရှိဖို့ လိုအပ်ပါတယ်…

– အဲ့လိုဘဲ ကိုယ်က drawing ပိုင်းဖြစ်တဲ့အတွက် ပုံတစ်ပုံကို ခဲနဲ့ ဆွဲမှာလား၊ marker နဲ့ ဆွဲမှာလား ကစလို့ ဆွဲတဲ့အခါမှာလည်း တစ်သမတ်ထဲ မဟုတ်ဘဲ မတူညီတဲ့ art techniques တွေကို အသုံးပြုနိုင်ဖို့ လိုအပ်ပါသေးတယ်…

– ဒါ့အပြင် အရောင် သဘောတရားတွေ၊ shape နဲ့ form ကိုလည်း နားလည်ထားဖို့လိုပါတယ်။ စနစ်ကျပြီး လှပတဲ့ ပုံကောင်းတစ်ပုံရဖို့ အသေးစိတ်ကျတဲ့ basic facts လေးတွေတော့ သိထားရမှာပေါ့နော်…

– Paper ပေါ်မှာဘဲ ဆွဲမယ်ဆိုရင်တောင် digital illustration၊ design application ကိုလည်း လေ့လာထားဖို့ လိုပါတယ်။ နည်းပညာခေတ်မှာ trend ကို အမြဲလေ့လာနေမှ ကိုယ်က နောက်မကျမှာပါ။မဖြစ်မနေလိုအပ်တာလားဆိုရင်တော့ မဟုတ်ပေမယ့် တတ်ထားရင် ပိုကောင်းပါတယ်… ဒါမှသာ ကိုယ်ဆွဲပြီးတဲ့အခါ ပုံထွက်ကောင်းစေဖို့ ရိုက်ကူးနိုင်မယ် color edit ကစားတတ်မှာ ဖြစ်ပါတယ်…

– Fashion Illustrator တစ်ယောက်အနေနဲ့ အဆက်အသွယ်များများရှိဖို့၊ social skills ကောင်းဖို့ လိုမယ်လို့လည်း ထင်ပါတယ်။ ကိုယ်က စကားနည်းလို့၊introvert ဖြစ်လို့ ကိုယ်ဆွဲထားတဲ့ drawing နဲ့ ပက်သတ်ပြီး မရှင်းပြနိုင်ရင် ကောင်းမွန်တဲ့ အခွင့်အရေးတွေ လက်လွတ်ရရတတ်ပါတယ်။ ဒီတော့ presentation skills တွေ၊ negotiations skills တွေ ကောင်းဖို့က မဖြစ်မနေလိုအပ်တာပေါ့။

– နောက်ဆုံးတစ်ခုကတော့ အချိန်လေးစားတတ်ဖို့ပါ။ project drawing တွေဘဲ ဖြစ်ဖြစ်၊ client အပ်ထားတဲ့ drawing ဘဲဖြစ်ဖြစ် deadlines အမှီ အလုပ်လုပ်တတ်ရပါမယ်။ Budget ကတော့ အမအတွက်ဆို drawing တစ်ခု အတွက် ဘယ်လို art material တွေ သုံးမလဲ ရွေးချယ်တာပါ။ art supplies တွေ စျေးကြီးလာတာနဲ့အမျှ ကိုယ့် အတွက်လည်း ပုံကောင်းကောင်းရအောင်၊ သတ်မှတ်ထားတဲ့ budget နဲ့ သုံးတတ်တာကလည်း အရည်အချင်းတစ်ခုပါဘဲနော်။


– Fashion ကို အရူးအမူးဖြစ်တယ်၊ ဝါသနာလည်း ပါတယ်ဆိုရင်တော့ fashion illustrator life ကို အသက်မွေးဝမ်းကြောင်းအနေနဲ့ ရွေးချယ်နိုင်ပါတယ် ( ပုံဆွဲတတ်ရင်ရပီးဆိုတဲ့ သူတွေအတွက်ကိုတော့ အမက ဒီလမ်းကြောင်းကိုမရွေးချယ်ဘဲ ကိုယ့်အတွက် တကယ်အသုံးဝင်တဲ့ဘာသာရပ်တစ်ခုကိုဘဲ ရွေးချယ်ဖို့ အကြံပေးချင်ပါတယ် ) ကိုယ့်ရဲ့ own design and art တွေနဲ့ ဝင်ငွေလည်းရအောင် ဖန်တီးတတ်ရမှာပေါ့နော်။ ဒီအလုပ်ကတော့ အမတို့ မြန်မာနိုင်ငံမှာထက်စာရင် အခြားနိုင်ငံတွေမှာဆို $38,000 ကနေ $67,000 ရတဲ့အထိ ဝင်ငွေကောင်းကြတယ်။အမတို့နိုင်ငံမှာလည်း fashion society ထဲ အလုပ်လုပ်လာကြတဲ့အတွက် အခွင့်အရေးတွေလည်း ပေါ်နေပါပြီ။ အဓိကလုပ်ရတာ ကတော့ Fashion designers၊ Fashion Brand ၊ Fashion magazines တွေအတွက် အလုပ်လုပ်ပေးရပြီး computer နဲ့ရော၊ လက်နဲ့ရော ရေးဆွဲပေးရတာပေါ့နော်။
ဒီလို ” Fashion illustration ” အကြောင်းကို သေချာသိရှိသွားကြတဲ့ အမတို့ His’s & Her’s က ကျောင်းသူတွေဆိုရင်လဲ အခုဆို သင်တန်းပြီးလို့ အလုပ်တွေ လက်ခံနေကြပြီး အခုဆို ဝါသနာနဲ့ ကိုယ်ပိုင်ဝင်ငွေတွေ ရှာနိုင်နေကြပြီး ဖြစ်ပါတယ် …





ကဲ … ဒါဆို အမ အခုပြောပြတဲ့ tips လေးတွေကို ဖတ်ပြီးလို့ fashion illustration နဲ့ပက်သတ်ပြီး စိတ်ဝင်စားလာတယ်၊ မြန်မာနိုင်ငံမှာ စနစ်တကျသင်ကြားချင်လိုက်တာ …. လို့ တွေးလိုက်ပြီးဆိုတာနဲ့ …. 





———————————————
အခြေခံတွေကို ဘာဆိုဘာမှမသိဘူး အခြေခံတွေကို နားလည်ချင်တယ် သိချင်တယ် ဆိုတဲ့ ကျောင်းသူတွေအတွက် ၁လခွဲ တစ်ကြိမ်သာ ပေါ်လာတတ်တဲ့ His’s & Her’s ရဲ့ နာမည်ကြီး အတန်းတစ်ခုဖြစ်တဲ့အပြင် ကျောင်းသူတိုင်းရဲ့ ဘဝအစကို မှန်ကန်စွာ လမ်းပြပေးနေတဲ့ လမ်းပြကြယ် ” Basic Fashion Drawing for Womenswear Online Class ( Batch -20 ) ” အတန်းသစ်လေးက ထပ်မံရောက်လာပါပြီး ….
ဒီတော့ ” Basic Fashion Drawing for Womenswear Online Class ( Batch -20 ) ” ဆိုတာ


– Basic Fashion Drawing for womenswear အတန်းဆိုတာ အမျိုးသမီးဝတ်စုံဒီဇိုင်းတွေကို အခြေခံပိုင်နိုင်စွာ နည်းလမ်းမှန်စွာဆွဲတတ်ဖို့ရယ် brand ထုတ်မယ့်သူတွေ ၊ နိုင်ငံခြားမှကျောင်းတက်မယ့်သူတွေအတွက် အခြေခံကျသော အကြောင်းအရာအားလုံးကို လေ့ကျင့်ပေးတဲ့ အတန်းလေးပါ


– နိုင်ငံခြားမှာ Fashion school တက်ချင်တဲ့သူတွေ
– Fashion brand ထုတ်ချင်တဲ့သူတွေ
– Fashion illustrator ဖြစ်ချင်သူတွေ
– Fashion brand တွေနဲ့ ပူးပေါင်းဒီဇိုင်းထုတ်ချင်သူတွေ
– Fashion Designers လုပ်မယ့်သူတွေ


– ဘာ အခြေခံမှ မရှိဘူး ပုံလုံးဝမဆွဲတတ်ဘူး ဘာဆိုဘာမှ မသိဘူးဆိုတဲ့ 0 level သမားတွေအတွက် ဖွင့်ပေးထားတဲ့အတန်းမို့ ဘာမှသိထားစရာမလိုဘဲ သင်ယူချင်စိတ်သာ ရှိဖို့လိုပါတယ်


– ဒီနေ့ခေတ်မှာ Designer လုပ်မယ့်သူတွေအတွက် အကျီ တစ်ထည်ထွက်လာဖို့ ပိတ်စပေါ်မှာ ခေါင်းထဲကပေါ်လာသမျှ အရာလေးတွေအားလုံးကို လျှောက်မထည့်ခင် အရင်ဆုံး Paper ပေါ်မှာ အရင် Sketch ဆွဲပြီး Design တစ်ခုကို ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် ပိုပြီး အမှားနည်းပြီး အကျိုးရှိစေမယ့် ပညာရပ်တစ်ခုမို့ပါ…
– Design တွေ ဖန်တီးချင်တဲ့အခါ ဘယ်က စလုပ်ရမှန်းမသိတဲ့အချိန် ခေါင်းထဲက ဖြစ်ပေါ်နေတဲ့ ခံစားချက်တစ်ခုကို Paper ပေါ်မှာ အရင်ဆုံး ဖန်တီးလို့ ရတဲ့ ပညာရပ်တစ်ခုမို့ပါ…
– Clothing Brand တစ်ခု တည်ဆောက်ချင်တဲ့အခါ ကိုယ်တိုင်က ဦးဆောင်ရသူဖြစ်နေရင် ကိုယ့် Brand အတွက် Design Creating ကို မထပ်နေအောင်၊ သူများနဲ့ မတူ တမူထူးခြားနေအောင်၊ ဖန်တီးဖို့ Idea တွေအတွက် ပညာရပ်တစ်ခုမို့ပါ…
– နိုင်ငံရပ်ခြားမှာ Fashion School တက်ချင်တဲ့အခါ မသွားခင်မှာ ကြိုပြင်ဆင်သွားသင့်တဲ့ အခြေခံဖြစ်တဲ့ Design ဆွဲနည်း ပညာရပ်တစ်ခုမို့ပါ….


– သင် Designer တစ်ယောက်သာ ဆိုရင် ကိုယ့် Customer များရဲ့ အားနည်းချက် အားသာချက်များကို ကြည့်ပြီး ဒီဇိုင်းများ ကြိုတင် ထုတ်ထားနိုင်ခြင်း
– သင် Design Creative ကို အရမ်း စိတ်ဝင်စားသူတစ်ယောက်သာ ဆိုရင် Sketch များကို ဆွဲနိုင်ရုံသာမက Garment Drawing တွေ ၊ လိုက်ဖက်တဲ့ Color ရွေးချယ်တတ်ပုံတွေ ၊ Trend ဖြစ်စေမယ့် Design တွေ ၊ လိုက်ဖက်မယ့် Fashion တွေကို အရင်ထက်ပိုပြီး Creative လုပ်နိုင်သွားခြင်း
– သင် နိုင်ငံခြားမှာ Fashion School တက်မယ်လို့ ရည်ရွယ်ထားတဲ့သူသာဆိုရင် ကျောင်းရောက်တဲ့အခါ သင်ကြားရေးအပိုင်းမှာ လိုတဲ့ Basic Drawing ဆွဲနည်းတွေ ၊ Group လိုက်လုပ်ဆောင်ရမယ့် Fashion Project Activity တွေ ၊ ကျောင်းတက်တဲ့အခါ အလိုအပ်ဆုံးဖြစ်တဲ့ ကိုယ်တိုင်ရှာဖွေ လေ့လာတတ်ခြင်းတွေ ကို ကိုယ့်အားကိုကိုးပြီး ပြင်ဆင်သွားတတ်ခြင်း
– သင် Clothing Brand ထုတ်မယ့် သူတစ်ယောက်ဆိုရင် ကိုယ်ထုတ်မယ့် Product အတွက် ကြိုတင်ပြင်ဆင်ခြင်းများ ၊ Market Research လုပ်ခြင်းများ ၊ Advertising အတွက် လိုအပ်ချက်များ သိထားသင့်တဲ့ ပြင်ဆင်မူအပိုင်းများ ၊ Brand နဲ့ပတ်သက်တဲ့ အခက်အခဲလေးများ ၊ ပိုပြီး ကောင်းမွန်စေမယ့် အချက်လေးများ ကို ကြိုတင် အမှားနည်းစွာ ပြင်ဆင်သွားတတ်ခြင်း
– အချိန်ကို ကိုယ်တိုင် Control လုပ်တတ်သွားခြင်း ၊ စည်းကမ်းရှိစွာနဲ့ ပညာရပ်တစ်ခုကို ဆုံးခန်းတိုင် လေ့လာတတ်သွားခြင်း
အစရှိသော အကျိုးရှိစေမယ့် အရာများကို အမနဲ့ရော တူတူတက်ရောက်ကြမယ့် ကျောင်းသူများနဲ့ပါ အတူတကွ လုပ်ဆောင်တတ်သွားမှာပါ ။


– ဒီတော့ ဒီလို တန်ဖိုးရှိတဲ့ စိတ်ဝင်စားဖို့ကောင်းပြီး Fashion ကို အရမ်းရူးသွပ်တယ် ဆိုတဲ့ သူလေးတွေအတွက် Fashion ရဲ့ လမ်းစကို စတင် ရှာဖွေပေးမယ့် လမ်းပြကြယ် ဘာသာရပ်လေးအဖြစ် အတန်းသစ်လေး ဖွင့်ပေးလိုက်ပါတယ်နော်

——————————————







( အပြင်အတန်းကိုတော့ နိုင်ငံရေး ကျန်းမာရေးများကြောင့် ကျောင်းသူများရဲ့ လုံခြုံရေး ကျန်းမာရေးအတွက် စိတ်ချရစေဖို့ အကန့်သတ်မရှိ ပိတ်ထားပါသေးတယ်ရှင် ပြန်လည်ဖွင့်ခဲ့ရင်တော့ page မှာကြေညာပေးမှာဖြစ်ပါတယ်ရှင် )
ဒါဆို ဘာတွေ သင်ခွင့်ရမှာလဲ ?

ကိုယ်ပိုင် clothing brand ထုတ်မယ့်သူလေးတွေ၊ နိုင်ငံခြားမှာ ကျောင်းတက်မယ့် သူလေးတွေအတွက် Fashion Project တစ်ခုကို ကိုယ်တိုင် လုပ်ဆောင်နိုင်အောင် Fashion နဲ့ပတ်သက်တာတွေ Research လုပ်တတ်အောင် Practice လုပ်ပေးတဲ့ အတန်းလေးပါ။ ကိုယ်တိုင် လုပ်ဆောင်ရမှာဖြစ်ပြီး Group နဲ့ပါ Team Work နဲ့ရော တူတူ လုပ်ဆောင်ရမှာ ဖြစ်ပါတယ် ။ နိုင်ငံတကာ Brand တွေရဲ့ Design ပိုင်းတွေနဲ့ကိုယ်ပိုင် Brand ထုတ်နိုင်သွားဖို့ထိ တူတူလေ့လာသင်ယူရမှာ ဖြစ်ပါတယ် ။
————————————–

ဖက်ရှင်တစ်ခုကို ဆွဲတဲ့အခါ အကျီဒီဇိုင်းတင်မဟုတ်ဘဲ Body Figure , Face Drawing , Hairs Drawing , Garment sketch တွေရဲ့ Sketch တွေဟာ အရေးကြီးတာဖြစ်တဲ့အတွက် အသေးစိတ်သင်ကြားခွင့်ရမှာပါ ။
————————————–

– Swim Wear
– Ready to Wear
– Pants
– Coat Design
– Evening Dress
– Myanmar Ready to Wear
– Myanmar Wedding Dress
– Western Wedding Dress
————————————–

Color ရွေးချယ်တတ်မှုကလဲ ဒီဇိုင်းတစ်ခုမှာ အရမ်းအရေးကြီးတာဖြစ်လို့ အသေးစိတ်သင်ကြားခွင့်ရမှာပါ ။
————————————–

Fashion တစ်ခုမှာ ချုပ်တတ်ရုံ ငွေရှိရုံ ပုံဆွဲတတ်ရုံနဲ့ စီးပွါးရေး လုပ်လို့မရပါဘူး… ဒါကြောင့် Fashion knowledge များနှင့် ကျောင်းသွားတက်မယ့် ကလေးတွေအားလုံးကိုလဲ နောက်ဆုံးသင်ခန်းစာအဖြစ် အမေးအဖြေ အနေဖြင့်ရော လုပ်ငန်းအကြောင်းလေးတွေကိုပါ အသေးစိတ်ရှင်းပြ မျှဝေပေးသွားမှာ ဖြစ်ပါတယ် ။
………အစရှိသော အသေးစိတ် စုစုပေါင်း ” Fashion Project & Lesson -30 ” တိတိကို အမိုက်စားပုံရိပ်တွေဖြစ်လာဖို့ International Levels တွေနဲ့အညီ စကေးချပြီး ကိုယ်ပိုင် သင်ရိုးစာအုပ်နဲ့ အမကိုယ်တိုင် အကောင်းဆုံး လမ်းညွှန်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်…
သင်ခန်းစာအသေးစိတ်ကိုလဲ comment မှာ ပြပေးထားပါတယ်နော်



ကြိုတင်စာရင်းသွင်းထားသူတွေနဲ့ ပြည့်နေတဲ့အတန်းလေးမို့ ထုံးစံတိုင်း လက်နှေးရင် ကျန်ခဲ့မယ်နော် 

” တွေဝေနေရင် နောက်ကျကျန်ခဲ့မယ် ဆုံးဖြတ်ချက်မှန်ရင် ရှေ့ရောက်စောမယ် “
ဒီတော့ အမတို့နဲ့ လက်တွဲပြီး Fashion နယ်ပယ်ထဲကို ဝင်ချင်ကြတဲ့ ကျောင်းသူအသစ်များကို His’s & Her’s မှ နွေးထွေးစွာ ကြိုဆိုပါတယ်….



” Turning your passion into fashion “


Reviews
There are no reviews yet.